(၇) နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ခင်ပွန်းဖြစ်သူလင်းလင်းနဲ့ အစွမ်းကုန် Ro နေကြတဲ့ အကြောင်းတွေ ဖွင့်ဟလာတဲ့ ချစ်သုဝေ

Posted on

ခေတ်နဲ့သစ်ဆိုတဲ့ အမွှာလေးကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့မိသားစုလေးကတော့ ပရိသတ်တွေအားလုံးအားကျနေကြရတဲ့ ဆယ်လီစုံတွဲပါ ။ ဒီနေ့မှာတော့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံ က မင်္ဂလာသက်တမ်း (၇) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။

 

7th year anniversary ကိုယ့်ရွေးချယ်မှူမှတဆင့် ရရှိခဲ့တဲ့ကောင်းချီးလေးများနှင့် ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သုဝေက သူမတို့ သမီးလေးနှစ်ယောက်ရဲ့ ပုံလေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ လင်းလင်းကို ဖေ “လက်ဆောင်?? “ဆိုတော့ kiss တဲ့ မေရောဘာပေးမှာတုန်းဆိုတော့..”ပေးထားတယ်လေ အဲ့မှာတသက်စာလို့ ” boss ၂ယောက်ကို လက်ညှိုးထိုးပြလိုက်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ အောင်မလေး လင်မယား၂ယောက် အကုန်အကျတွေများပြီး ro နေလိုက်တာများ လို့ ချစ်သုဝေက သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ အရွှန်းဖောက်ရေးသားခဲ့ပါတယ် ။

အဲ့ဒါနဲ့ fbပေါ် တက်ကြွားရတော့တာပဲ..တက်သာကြွားရတာ ပေးမယ်ဆိုတဲ့ ‘kiss’တောင်ရသေးတာမဟုတ်ဘူး မိန်းမထုကြီး ကျုပ်ကို အရမ်းတွေအားကျသွားကြပြီမဟုတ်လား လို့လည်း ချစ်စဖွယ်ရေးသားထားပါသေးတယ် ။ Happy Anniversary ပါ လင်းလင်းနဲ့ချစ်သုဝေရေ မင်္ဂလာနှစ်ပတ်လည်မှသည်နောင်နှစ်ပေါင်းများစွာ ထိ ရိုးမြေကျ လက်တွဲသွားနိုင်ပါစေလို့ Yaung Chi က ဆုတောင်းပေးလိုက်ပါတယ်နော် ။

Source : Chit Thu Wai
Maria (Yaung Chi)