အဆွေးသီချင်းအသစ်လေးတစ်ပုဒ် ကိုပရိသတ်တွေရှေ့အရောက်ပို့ပေးလိုက်ပြီဖြစ်တဲ့ သိန်းလင်းစိုး

Posted on

ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်ခဲ့တဲ့ အဆိုတော် သိန်းလင်းစိုးကတော့ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့အနုပညာရှင်တစ်ယောက်ပါ ။ သိန်းလင်းစိုးကတော့ 90 born တွေနဲ့ အတော်လေးရင်းနှီးခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး လက်ရှိ Double Dating အစီစဉ်မှာလည်း အစီစဉ်တင်ဆက်သူအဖြစ်ပါဝင်ဆောင်ရွက်နေခဲ့တာပါ ။

 

လတ်တလောမှာတော့ ကိုသိန်းက သူ့ရဲ့ သီချင်းသစ်လေးတပုဒ်ကို ပရိသတ်တွေရှေ့ကို အရောက်ပို့ပေးခဲ့ပါပြီ ။ သီချင်းနာမည်ကတော့ မင်းအပြစ်မဟုတ်ဘူး လို့ အမည်ရပြီး ကိုသိန်းကိုယ်တိုင် ရေးစပ်သီဆိုထားတာပဲဖြစ်ပါတယ် ။ အမြဲတမ်းဟာသတွေလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ ကိုသိန်းကို ဒီသီချင်းလေးမှာတော့ ဆွေးဆွေးလေးတွေ့မြင်ရမှာဖြစ်လို့ ပရိသတ်တွေအတွက်တော့ အသစ်အဆန်းဖြစ်နေမှာအသေချာပါပဲ ။

 

ကိုသိန်းရဲ့ အမာခံပရိသတ်တွေနဲ့ Double Dating အစီစဉ်ကို အားပေးနေကြတဲ့ ပရိသတ်တွေကတော့ ဒီသီချင်းလေးကို အရမ်းကောင်းကြောင်းမှတ်ချက်လေးတွေ ရေးသားထားကြတာလည်းတွေ့မြင်ရပါတယ် ။ ကိုသိန်းရဲ့ ပရိသတ်တွေအတွက်လည်း မင်းအပြစ်မဟုတ်ဘူးဆိုတဲ့ သီချင်းအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Thein Lin Soe
Maria (Yaung Chi)