ခက်ခဲကြမ်းတမ်းလွန်းလို့ လှေကားမှာအိပ်ခဲ့ရတဲ့ နေ့ရက်တွေတောင်ရှိခဲ့ဖူးကြောင်း ပြောပြလာတဲ့ ခင်စန်းဝင်း

Posted on

ပရိသတ်ကြီးရေ အနုပညာလောမှာ ထိပ်တန်းစာရင်းဝင်တစ်ယောက်ဖြစ်တဲ့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ သူမဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေအကြောင်းပြောပြလာခဲ့ပါတယ် ။ ၁၉၉၅ ခုနှစ်လောက်က ဘဝအတွက်ရုန်ူ ကန်တက်ကြွတဲ့လူငယ်လေးတယောက် ဖြစ်ခဲ့ပြီး တစ်လကို ၈၀၀ ကျပ်ပေးရတဲ့အိမ်အရှေ့ခန်းလေးကို ဆိုင်ခန်းလုပ်ပြီးဘဝကိုစလျှောက်ခဲ့ရတာဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ် ။

 

အရင်တုန်း ကဖရေဇာအခုအနော်ရထာလမ်းမပေါ်၃၄လမ်းထိပ် မှာ အခက်ခဲတွေပေါင်းစုံရင်ဆိုင်ပြီးနေရတာပါတဲ့ ။ အိမ်ကရွှေပြည်သာမှာ ည၁၀နာရီအပြင်မထွက်ရ အမိန့်နဲ့ဆိုင်လူကျ လို့နောက်ကျတဲ့နေ့တွေဆိုအိမ်ပြန်ဖို့မမီလို့ဆိုင်ရှင်က လည်းညအိပ်လက်မခံလို့လှေကား မှာတိတ်တဆိတ်ညအိပ် ခဲ့ရတာတွေ ရှိခဲ့တယ်လို့သိရပါတယ် ။ သူငယ်ချင်းတွေအိမ်မှာအကူညီတောင်းပြီးညလိုက်အိပ်ပြန်တော့တစ်ညအပြင်၂ညဆက်အိပ်ဖို့သူ့ရဲ့ညီအကိုမောင်နှစ်မတွေကလက်မခံတော့လိုက်အိပ်ခွင့်မရ ခဲ့ဘူးလို့ သူမဘဝရဲ့ ခက်ခဲတဲ့နေ့ရက်တွေကို ပြောပြလာခဲ့တာပါ ။

အခန်းဌားပြီးနေဖို့ကျတော့ ဆိုင်ခန်းတောင်အမဆွဲကြိုးရောင်းပြီးဌားခဲ့ရတာဆိုတော့ဘယ်လိုမှမတတ်နိုင်ခဲ့လို့ တစ်ခါတစ်လေရန်ကုန်ဘူတာကြီးမှာမနက်အစောကြီး ရထားစီးဖို့ညကတည်းကစောင့်စီးတဲ့ခရီးသည်လိုလို တစ်ညလုံးမိုးလင်းခဲ့ရတာတွေလဲရှိခဲ့တဲ့အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့တာပါ ။ သူမက ကန္တာရထဲမှာခက်ခက်ခဲခဲပေါက်ခဲ့ရတဲ့အပင် ငယ်လေးလိုဘဝမျိုးပါလို့လည်း စိတ်မကောင်းစွာနဲ့သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာပါ ။

Source : Khin San Win
Maria (Yaung Chi)