လှတောသားရဲ့ဘဝ ဝင်္ကပါ ဇာတ်လမ်းတွဲအား အောင်မြင်စွာရိုက်ကူးပြီးစီးခဲ့ပြီဖြစ်တဲ့ နေထူးနိုင်

Posted on

နယ်ပရိသတ်တွေ တခဲနက်အားပေးကြမ်းတဲ့ အက်ရှင်မင်းသားနေထူးနိုင်ကတော့ အက်ရှင်လောကမှာ ပရိသတ်အကြိုက်တွေ့တဲ့ မင်းသားတစ်လက်လို့ဆိုရမှာပါ ။ နေထူးနိုင်က အက်ရှင်ကားတွေမှာ အမိုက်စား တိုက်ကွက်တွေနဲ့ သရုပ်ဆောင် အက်ရှင်မင်းသားကောင်းတစ်ယောက်ဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။ နေထူးနိုင်ကတော့ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲလိုလိုမျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။

 

လတ်တလောမှာတော့ သူရိုက်ကူးနေတဲ့ လှတောသားရဲ့ဘဝ ဝင်္ကပါ ဇာတ်လမ်းတွဲအား အောင်မြင်စွာရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ဇာတ်လမ်းတွဲအားပါဝင်ကူညီအားဖြည့်သရုပ်ဆောင်ရိုက်ကူးပေးသူတစ်ယောက်ချင်းစီနှင့် စပွန်ဆာပေးပါသော T Timeနှင့်J’donuts မြက်ခင်းပြင်အားရိုက်ကူးခွင့်ပေးသောRoyalGolden View Hotel အဖွဲ့သားများအားလုံးကို ညအိပ်ခွင့်ကူညီပေးပါသော သန်လျင်ဝေဋကျော်ရုပ်ရှင်ခြံ မန္တလေးနဲ့လှတော တို့တွင်ရိုက်ကူးနိုင်ရန်စီစဉ်ပေးပါသောဦးမျိုးသိန်း(kokochit)ကိုကျော်ကျော်ဦးဒါရိုက်တာသံစဉ်တို့အားကျေးဇူးတင်ရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ဇာတ်လမ်း/ဇာတ်ညွှန်း/ဒါရိုက်တာ သရုပ်ဆောင်များနှင့်စက်အဖွဲ့သားများအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းနဲ့ အခြေအနေရလှတောရွာကို ဇာတ်ကားအစအဆုံးသွားရောက်မရိုက်ကူးနိုင်တာကြောင့်လှတောသူလှတောသားများနှင့်ပရိသတ်ကိုလည်း အနူးအညွတ်တောင်းပန်ကြောင်း ရေးသားထားပါသေးတယ် ။

Source : Nay Htoo Naing
Maria (Yaung Chi)