အစ်ကိုဖြစ်သူ သရုပ်ဆောင် ကျော်ရှိန်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပပဝင်းခင်

Posted on

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ပရိသတ်တွေအသည်းစွဲကြိုက်ခဲ့ရတဲ့ မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေး ပပဝင်းခင်ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်နော် ။ ပပဝင်းခင်ရဲ့ အစ်ကိုအရင်းဖြစ်တဲ့ သရုပ်ဆောင် ကျော်ရှိန်းကတော့ အနုပညာလောကထဲက ပျောက်ကွယ်နေခဲ့တာ အချိန်အတော်ကြာပြီဆိုပေမယ့် ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း ရှိနေဆဲပါ ။

 

ဒီနေ့ကတော့ သရုပ်ဆောင် ကျော်ရှိန်းရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ပပဝင်းခင်ကHappy Birthday Ko Gyi ! Happy Birthday returns of the day.Best wishes for many more ! ချစ်ကိုကြီး၏မွေးနေ့မှစ ချစ်သောမိသားစုနှင့်အတူ အသက်ရာကျော် ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွင်ခြင်း အောင်မြင်ခြင်း ပြည်စုံခြင်း ဘေးရန်အပေါင်းကင်းဝေးပြီး လိုတိုင်းရ တတိုင်းပြည့်စုံသော ဘဝကိုရရှိပိုင်ဆိုင်ရပါစေ… သာသနာအကျိုးကို ဆထက်တိုးပြီးဆောင်ရွက်နိုင်ပါစေလို့ ချစ်သောမိသားစုမှ ဆုတောင်းပေးပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ အစ်ကိုဖြစ်သူအတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါတယ် ။

 

လူပျိုကြီး ကိုကြီးကျော်ရှိန်း အသည်းကျော်တွေအတွက် ပုံတွေ အများကြီးတင်ပေးလိုက်တယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမတို့မောင်နှမ နှစ်ယောက်ရဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးခဲ့ပါတယ် ။ Happy Bithday ပါ သရုပ်ဆောင် ကျော်ရှိန်းတစ်ယောက် မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ Yaung Chi မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

 

Source : Papa Win Khin
Maria (Yaung Chi)