အားလုံးနဲ့အတူ တိုက်ပွဲဝင်စဉ်အချိန်က စေတနာအပြည့်နဲ့ဝေငှခဲ့တဲ့ မုန့်တွေ အအေးတွေကို လွမ်းကြောင်းပြောပြလာတဲ့ မြနှင်းရည်လွင်

Posted on

မြနှင်းရည်လွင်ကတော့ ဒီအရေးတော်ပုံကြီ းစတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာ လည်းတွေ့ရပါတယ်။

 

မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ယောကျ်ားလေးတွေနဲ့တန်းတူ တစ်ရက်မှ မနားတမ်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အားလုံးက လေးစားနေကြတာပါ ။ရင်ထဲက ဆန္ဒတွေကိုထုတ်ဖေယ်ပြသရာမှာလည်း ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိ ရောက်ရှိနိုင်ရန်ရည်ရွယ်ပြီး ဆန်းသစ်တဲ့အိုင်ဒီယာတွေ ထိမိတဲ့လုပ်ဆောင်ချက်တွေနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး လှုပ်ရှားမှုတွေပြုလုပ်နိုင်ခဲ့တာကြောင့် ပြည်သူအားလုံးက လေးစားချစ်ခင်နေ ရတာပါ။

 

ခုဆိုရင်နွေဦးတော်လှန်ရေးကြီးဟာ အရင်လိုလှုပ်ရှားမှုတွေပြုလုပ်ရန် ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။အခုလည်း မြနှင်းရည်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့စဉ်ကပြည်သူတွေဝေငှခဲ့တဲ့ မုန့်တွေအအေးတွေကိုအားရပါးရစားသောက်နေတဲ့ပုံလေးတွေကိုအမှတ်တရပြန်တင်ကာ လွမ်းနေမိကြောင်းခုလိုရေးသားဖော်ပြလာပါတယ်။” ပြည်သူ့စေတနာမုန့်တွေအအေးတွေ လွမ်းမိတယ်”စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

 

Photo – Mya Hnin Yee Lwin

Leave a Reply

Your email address will not be published. Required fields are marked *