ကပ်ဆိုးကြီးကလွတ်ဖို့ အောင်ဇမ္ဗူဆရာတော်ဘုရားကြီးမိန့်ထားတဲ့ အဓိဌာန်ကိုမျှဝေခဲ့တဲ့ စမိုင်းလ်

Posted on

ပရိသတ်အချစ်တော် စမိုင်းလ်ကတော့ အလှူအတန်းတွေ မကြာခဏ ပြုလုပ်လေ့ရှိပြီး Covid ကာလတစ်လျှောက်မှာလည်း လိုအပ်တဲ့နေရာတွေမှာ ဆက်တိုက်လှူဒါန်းနေခဲ့တာဖြစ်ပါတယ် ။ မကြာသေးမီကမှ Covid အလှူအဖြစ် အောက်စီဂျင်စက်တွေ လှူဒါန်းခဲ့ ဓမ္မဒါန အလှူတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ် ။

 

ဓမ္မအလှူဒါန အဖြစ် (၄၇) သိန်းတန်ဖိုးရှိတဲ့ ပဌာန်းတွဲကျမ်း- ၅အုပ်တွဲ အစုံ ၂၀၀ ကို လည်း လှူဒါန်းခဲ့ပါသေးတယ် ။ စာအုပ်တွေရဲ့တန်ဖိုးမြင့်လို့ တကယ်ကိုပူဇော်ချင်တဲ့ သူတွေကိုပဲရွေးပြီး ဓမ္မဒါနပြုလုပ်သွားခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာလည်း လူတိုင်း စိုးရိမ်ကြောင့်ကျ ဖြစ်နေရတဲ့ Covid-19 ရောဂါကပ်ဆိုးကြီး အမြန်ဆုံး ပျောက်ကင်းဖို့အတွက် ပရိသတ်တွေကို နည်းလည်းကောင်းတစ်ခု မျှဝေပေးလာခဲ့ပါတယ် ။ အဲ့ဒါကတော့ အောင်ဇမ္ဗူဆရာတော်ဘုရားကြီးမိန့်ထားတဲ့ ကပ်ရောဂါဆိုးကြီးမှကင်းဝေးစေရန် ၉ရက်အဓိဌာန် ပဲဖြစ်ပါတယ် ။

 

စမိုင်းလ်ရဲ့ ပရိသတ်တွေကတော့ ဒီရောဂါဆိုးကြီး အမြန်ဆုံးကင်းဝေးဖို့ ယုံယုံကြည်ကြည်နဲ့ အဓိဌာန်ဝင်ကြမယ့်အကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ် ။ ရောင်ခြည် ပရိသတ်အကြီးအတွက်လည်း ကပ်ရောဂါဆိုးကြီးက အမြန်ဆုံးကင်းဝေးဖို့အတွက် ဆရာတော်ဘုရားကြီးရဲ့ ကိုးရက် အဓိဌာန်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Smile
Maria ( Yaung Chi )