၀န်ထမ်းတွေနဲ့အတူ လကုန်ရက်တိုင်း အပြုံးလေးနဲ့ဖြတ်သန်းနိုင်အောင်ကြိုးစားနေတဲ့ ခိုင်နှင်းဝေ

Posted on

ပရဟိတ အလုပ်တွေမှာ စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တွေထဲမှာ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေလဲ အပါအဝင်ပါပဲ ။ လိုအပ်နေတဲ့ အခြေခံ လူတန်းစားတွေအတွက် လှူဒါန်းရုံတင်မကဘဲ ခိုကိုးရာမဲ့နေတဲ့ ကလေးတွေအတွက်လည်း တာဝန်ယူ စောင့်ရှောက်ပြီး မွန်မြတ်တဲ့အလုပ်ကို လုပ်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သူမရဲ့ဂေဟာလေးမှာ ဝန်ထမ်းတွေခန့်ထားပြီး ဝန်ထမ်းတွေကို မိသားစုလိုသဘောထားတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူး ။

 


ဝန်ထမ်းလစာထုတ်ရက် မှာ ကိုဗစ်ရဲ့ အားပေးမှုကြောင့် လစာထုတ်ပေးရမဲ့ လကုန်ရက်တွေဆို ဟိုးအရင်တုန်းကလို ဘောက်ဆူးလေးတွေမဲဖောက်ပြီး ပျော်ကြရွှင်ကြတွေမရှိတော့ ကြာပြီဖြစ်ပြီး ကတုန်ကရင်နေ့စွဲလေးမဖြစ်အောင် လကုန်ရက်ကို အမြဲ အပြုံးလေးနဲ့ ဖြတ်သန်းနိုင်အောင် သူမကြိုးစားနေတဲ့အကြောင်း ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ ဝန်ထမ်းတွေလဲမလျှော့ဘူး ၊ ဝန်ထမ်းလစာလဲလျှော့မပေးဘူး ဝန်ထမ်းတွေရိက္ခာရော ကလေးတွေရိက္ခာရော အစစပြည့်စုံတယ်မဟုတ်ပေမယ့် မပူပင်ရအောင် ထားပေးခဲ့တဲ့အတွက် ဝန်ထမ်းတွေနဲ့ ကလေးတွေ အပေါ်မှာထားတဲ့ သူမရဲ့ စေတနာကို အထင်းသားမြင်နေရပါတယ် ။

 

အခုချိန်မှာ ဒါတွေအားလုံး အပူအပင်မရှိအောင် ကျွန်မ အသက်ရှုချောင်ရသလို ကလေးတွေကို ဖြည့်ဆည်းပေးကြတဲ့ အလှူရှင်များရဲ့ စေတနာမေတ္တာတွေကြောင့်ဖြစ်ပြီး ဝန်ထမ်း ၁၆ ယောက်နှင့် ကလေး ၃၅ ယောက် ပါဝင်တဲ့ ကျွန်မရဲ့ ခိုင်မိသားစု ဂေဟာကို ကြည့်ရှုစောင့်ရှောက်ပေးကြတဲ့ စေတနာရှင် အလှူရှင်များရဲ့ ကျေးဇူးတင်တွေကိုအသိအမှတ်ပြုပေးရင်း တူသောအကျိုးကျေးဇူးများရရှိစံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အလှူရှင်တွေလည်း ကျေးဇူးတင်စကားဆိုခဲ့တာပဲဖြစ်ပါတယ် ။

Source : Khine Hnin Wai
Maria ( Yaung Chi )