သူ့ရဲ့ဘောလုံးအသင်းအတွက် သိန်း(၃၀၀)ကူညီထောက်ပံ့မှု ရရှိခဲ့ကြောင်းပြောပြလာတဲ့ ဖိုးချစ်

Posted on

ပရိသတ်အချစ်တော် ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ ဇာတ်သဘင်လောကမှာ မသိသူမရှိလောက်အောင် သဘင်လောကသားတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဇာတ်သဘင်လောကကိုချစ်မြတ်နိုးတဲ့ ဖိုးချစ်တစ်ယောက်ကတော့ ဇာတ်သဘင်အစည်းအရုံးရဲ့ ဥက္ကဌရာထူးကို ထိုက်ထိုက်တန်တန်ရရှိထားသူ တစ်ယောက်ဖြစ်ပြီး ဇာတ်သမားတွေအားလုံးကလေးစားရတဲ့ သူတစ်ယောက်ပါ ။

 

Covid-19 ကြောင့် ငွေကြေးခက်ခဲပြီး စိတ်ညစ်စရာတွေရှိနေတဲ့ကြားက စိတ်ချမ်းသာစရာ သတင်းလေးတစ်ခုက ဖိုးချစ်ဆီရောက်ရှိလာခဲ့ပါတယ် ပရိသတ်ကြီးရေ ..။ ဖိုးချစ်ရဲ့ ဘောလုံးအသင်းဖြစ်တဲ့ စစ်ကိုင်းယူနိုက်အတွက် ဇော်ဂျီမြန်မာတိုင်းရင်းဆေးက ကျပ် သိန်းသုံးရာ ထောက်ပံ့ကူညီခဲ့တယ်ဆိုတဲ့ သတင်းကောင်းလေးပါ ။ စိတ်ထားကောင်းပြီး ဇာတ်သဘင်လောကသားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဖိုးချစ်တစ်ယောက် တူသောအကျိုးတန်ပြန်တာပါ ပရိသတ်ကြီးရေ ..။

 

ကျွန်တော်ဘာအခက်အခဲရှိရှိ ညီအကိုလို သဘောထားပြီး အတူတူခံစားပေး စောင့်ရှောက်ပေးခဲ့တာတွေ များပါပီ ကျေးဇူးပါဗျာ ကျွန်တော် ဇော်ဂျီမြန်မာတိုင်းရင်းဆေးရဲ့ Brand Ambassador ပါဗျ…. ကိုယ့်ဘာသာ ခန့်လိုက်သည်ပေါ့ ဆိုတဲ့စာသားလေးနဲ့အတူ ဇော်ဂျီမြန်မာတိုင်းရင်းဆေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။ ဖိုးချစ်ရဲ့ ပရိသတ်ကြီးလည်း ဖိုးချစ်နဲ့ထပ်တူထပ်မျှ ဝမ်းသာနေကြမယ်လို့ထင်ပါတယ်နော် ။

Source : Phoe Chit
Emily (Cele Gabar)